ကလောက်ဒ် ဆက်တင်များ
သင့်စနစ်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး အကူအညီနှင့် BaseSpace Sequence Hub သို့မဟုတ် ICA ကို စီစဥ်သတ်မှတ်ရန် အောက်ပါညွှန်ကြားချက်များကို အသုံးပြုပါ။ BaseSpace Sequence Hub ၏ နောက်ထပ်အချက်အလက်များအတွက် BaseSpace Sequence Hub ပံ့ပိုးမှုဆိုက်စာမျက်နှာကို ကိုးကားပါ။ ICA ၏ နောက်ထပ်အချက်အလက်များအတွက် Illumina Connected Analytics ပံ့ပိုးမှုဆိုက်စာမျက်နှာကို ကိုးကားပါ။
ကလောက်ဒ် ဆက်တင်များကို အောက်ပါအတိုင်း စီစဉ်သတ်မှတ်ပါ။
| 1. | Upper-left (အပေါ်ဘယ်) ထောင့်ရှိ မီနူးအိုင်ကွန်ကို ရွေးပါ။ |
| 2. | Settings (ဆက်တင်များ) ကို ရွေးပါ၊ ထို့နောက် Cloud Settings (ကလောက်ဒ် ဆက်တင်များ) ကို ရွေးပါ။ |
| 3. | ကလောက်ဒ် ချိတ်ဆက်မှုကို ဖွင့်ရန် လက်ခံ တည်နေရာ ဆွဲချစာရင်းအောက်တွင် သင့် BaseSpace Sequence Hub သို့မဟုတ် ICA ဒိုမိန်း၏ တည်နေရာကို ရွေးချယ်ပါ။ |
| 4. | BaseSpace Sequence Hub Enterprise သို့မဟုတ် ICAကို အသုံးပြုပါက၊ အောက်ပါ ကလောက်ဒ် ရွေးချယ်မှုကို စီစဉ်သတ်မှတ်ပါ- |
| • | ကိုယ်ပိုင် ဒိုမိန်းအမည်—သင်၏ BaseSpace Sequence Hub သို့မဟုတ် ICA ဒိုမိန်းအမည်ကို ထည့်သွင်းပါ။ BaseSpace Sequence Hub Professional သို့မဟုတ် အခြေခံအကောင့်များအတွက် မလိုအပ်ပါ။ |
| 5. | သင်၏ ကလောက်ဒ် ချိတ်ဆက်မှုကို စစ်ဆေးရန် Test configuration (စီစဉ်သတ်မှတ်မှုကို စမ်းသပ်မည်) ကို ရွေးပါ။ |
သင့် ဖိုင်းရားဝေါအတွက် ခွင့်ပြုစာရင်းတွင် လိုအပ်သော အဆုံးမှတ်များကို ထည့်ထားကြောင်း သေချာပါစေ။ အဆုံးမှတ်များစာရင်းကိုသိရှိရန် Illumina ထိန်းချုပ် ကွန်ပျူတာ လုံခြုံရေးနှင့် ကွန်ရက်ချိတ်ဆက်ခြင်းကို ကိုးကားပါ။
| 6. | အောက်ပါ လုပ်ဆောင်မှု ဆက်တင်များကို ရွေးချယ်ပါ။ ရွေးချယ်ထားသော လုပ်ဆောင်မှု ဆက်တင်များသည် ပုံသေအဖြစ် လုပ်ဆောင်သော်လည်း ဆက်တင်များကို လုပ်ဆောင်မှု စနစ်ထည့်သွင်းစဉ်အတွင်း သင်ပြောင်းလဲနိုင်သည်။ |
| • | ကလောက်ဒ် လုပ်ဆောင်မှု စောင့်ကြည့်ခြင်း—အဝေးမှ လုပ်ဆောင်မှု စောင့်ကြည့်ခြင်းကို ဖွင့်ထားရန် ရွေးချယ်ပါ။ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး အကူအညီသည် အလိုအလျောက် ပါဝင်ပါသည်။ လုပ်ဆောင်မှု စောင့်ကြည့်ခြင်းကို BaseSpace Sequence Hub တွင်သာ မြင်နိုင်သည်။ |
| • | ကလောက်ဒ် လုပ်ဆောင်မှု သိုလှောင်ခန်း—ကလောက်ဒ်တွင် လုပ်ဆောင်နေသော ဒေတာကို သိမ်းဆည်းရန်နှင့် ခွဲခြမ်းစိတ်ဖြာမှုကို အလိုအလျောက် စတင်ရန် ရွေးချယ်ပါ။ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး အကူအညီနှင့် လုပ်ဆောင်မှု စောင့်ကြည့်ခြင်းတို့က အလိုအလျောက် ပါဝင်ပါသည်။ |
| 7. | ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး အကူအညီကိုသာ ဖွင့်ထားရန်အတွက် Send instrument performance data to Illumina (Illumina သို့ ကိရိယာစွမ်းဆောင်ရည်ဒေတာ ပေးပို့မည်) ကို ရွေးချယ်ပါ။ |
| 8. | Save (သိမ်းမည်) ကို ရွေးပါ။ |
